fredag 12 augusti 2011

နမာဇ်အတွင်းဖရဇ်၊ဝါဂျစ်ဗ်၊စွန္နတ်၊မက္ကရူးဟ်နှင့် စဂ်ျဒဟ်စဟူးဆိုင်ရာသိကောင်းစရာများ

နမာဇ်အတွင်းဖရဇ်၊ဝါဂျစ်ဗ်၊စွန္နတ်၊မက္ကရူးဟ်နှင့်
စဂ်ျဒဟ်စဟူးဆိုင်ရာသိကောင်းစရာများ
အရေးကြီးသော မတ်စ်အလဟ်နှစ်ရပ်
မတ်စစ်အလဟ် ရှင်းလင်းချက် (၁)
ဖရပ်ဇ်နမာဇ်၏ ပထမနှင့် ဒုတိယ ရကအသ်များတွင် စူရဟ်ဖွားသေ့ဟာ ရွတ်ဖတ်ပြီး စူရဟ်တွဲဖတ်ရပေမည်။ တတိယနှင့် စတုတ္ထ ရကအသ်များတွင် စူရဟ်မတွဲဘဲ စူရဟ်ဖွားသေံဟာကိုသာ ဖတ်ရပေမည်။ ဖရဇ်နမာဇ်များမှအပ စွန္နသ်နဖီလ်များ၏ ရက အသ်တိုင်းတွင် စူရဟ်ဖွားသေ့ဟာနှင့်တကွ တခြား စူရဟ်ကိုလည်းတွဲဖတ်သွားရပေမည်။
မတ်စစ်အလဟ် ရှင်းလင်းချက် (၂)
အမျိုးသမီးတို့သည် များသောအားဖြင့် ခိုင်လုံသော အကြောင်းမရှိဘဲ နာမာဇ်များကို ထိုင်၍ ဖတ်လေ့ရှိကြ၏။ ကောင်းစွာ မှတ်သားထားရန်မှာ တရားဝင်အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ထိုင်၍ဖတ်ခွင့် မရှိပေ။
အကယ်၍ လူတစ်ဦးသည် အလွန်အမင်း မကျန်းမမာ ဖြစ်နေ၏။ သို့မဟုတ် ဤမျှ ချိနဲ့ပိန်ချုံးကျုံလှီနေသည်မှာမတ်တတ် ရပ်၍ ဖတ်ခဲ့သော် မူးဝေ၍ လဲကျသွားမည်ကို စိုးရိမ်မကင်း ဖြစ်နေပါက ထိုင်၍ နမာဇ်ဖတ်ပိုင်ခွင့် ရှိပေသည်။ သို့သော် ထိုင်၍ဖတ် ခြင်းဖြင့် စ၀ါဗ်ထက်ဝက်သာ ရရှိပေမည်။ သို့ဖြစ်သောကြောင့် ကျန်းမာရေး ကောင်းလာလျှင် စ၀ါဗ်အပြည့်အ၀ ရရှိစေရန် နဖီလ် များကိုပင် မတ်တပ်ရပ်၍ ဖတ်ရပေမည်။
အမျိုးသမီးများ၏ နမာဇ်ဝတ်ပြုပုံတစ်ရပ်
            အမျိုးသမီးနမာဇ်နှင့် အမျိုးသားနမာဇ်တွင် အနည်းငယ်မျှ ခြားနားမှုရှိနေသည်ကို မှတ်သားထားရန် လိုအပ်ပေသည်။ တ ရားတော်မြတ်သည် ဤမည်သော ကြီးကျယ်ထွတ်မြတ်သည့် အေဗာသ်တွင်လည်း အမျိုးသမီးတို့အား မိမိကာအိနြေ္ဒ စောင့်စည်း ထားရန်နှင့် အရှက်ကင်းမဲ့မှုတို့၏ အစအနကိုပင် မဖြစ်ပေါ်စေရန် ပညတ်ထားပေသည်။ ဥပမာ -
(၁) ခြုံထည် သို့မဟုတ် စောင်ပိုင်းအတွင်းမှ အပြင်သို့လက်မထုတ်ဘဲ အတွင်းကပင် လက်ကိုဖခုံးထိတိုင် လက်နှစ်ဘက် ကို      ပင့်မြှောက်၍ နီယသ်ချီရပေမည်။
(၂) လက်နှစ်ဘက်ကို ချက်မတွင် မပိုက်ဘဲ ရင်ညွန့်ပေါ်၌ ပိုက်ထားရမည် ။
(၃) လက်ယာလက်ဖ၀ါးကို လက်ဝဲ လက်ဖမိုးပေါ်၌ ထားရမည်။ အမျိုးသားများကဲ့သို့ လက်ကောက်ဆစ်ကိုလက်မနှင့် ကွင်းဆက်၍ ကိုင်မထားရပေ။
(၄) ဦးညွတ်ရာတွင် လက်ကိုဒူးဆစ်ဖြင့် မှီရုံသာ၊ ညွတ်၍လက်ချောင်းလေးများကို ပူးတွဲထားရမည်။
(၅) ဦးချရာတွင် ၀မ်းဗိုက်ကို ပေါင်နှင့်လည်းကောင်း လက်နှစ်ဘက်ကို နံဘေးနှစ်ဘက်ဖြင့်လည်းကောင်း ပူးကပ်ထား၍ တံတောင်ဆစ်များကို ကြမ်းပေါ်ခင်းထားရမည်။ အမျိုးသားများကဲ့သို့ တစ်ခြားစီ ခွဲမထားရ။
(၆) ဦးချရာတွင် ခြေနှစ်ဘက်ကို ကြမ်းပေါ်ခင်းထား၍ ထိုင်သောအခါ ခြေနှစ်ဘက်ကို လက်ယာဘက်သို့ ထုတ်ထားကာ ၀ဲဘက်တင်ပါးပေါ်တွင် ထိုင်ရမည်။
(၇) မည်သည့်နမာဇ်၌ အသံကျယ်လောင်စွာဖြင့် ကိရအသ် မဖတ်ရွတ်ရ။ တီးတိုးသံဖြင့် ဖတ်ရပေမည်။(ဖသ်ဝါအဇီဇီ)
နမာဇ်၏ ဖရပ်ဇ်အချက်အလက်များ
            နမာဇ်ဖတ်ရာတွင် အချို့မှာ ဖရဇ်ပ်ဖြစ်၍ အချို့မှာ ၀ါဂျစ်ဗ်၊ အချို့မှာ စွန္နသ် ၊ အချို့မှာ မွတ်စ်သဟဗ် အသီးသီးဖြစ်ကြပေ၏ ။ ၄င်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။ ခြောက်ပါးသောအရာသည် နမာဇ်တွင် ဖရပ်ဇ်ဖြစ်၏ ။
၁။ နိယသ်ပြုသောအခါ အလ္လဟုအပ်က်ဗရ် ရွတ်ဆိုခြင်း ။
၂။ ကိုယာမ် – ဖရ်ဇ်နှင့် ၀ါဂျစ်ဗ်နမာဇ်များကို မတ်တပ်ရပ်၍ ဖတ်ခြင်း ။
၃။ ကိရအသ် (၀ါ) ကျမ်းမြတ်ကုရ်အာန်၏ အာယသ်သော်လည်းကောင်း ၊ စူရဟ်သော်လည်းကောင်းဖတ်ခြင်း ။
၎။ ရုကုအ်ဦးညွတ်ခြင်း ။
၅။ စဂျဒဟ်နှစ်ကြိမ်ဦးချခြင်း ။
၆။ နောက်ဆုံး ကိုင်ဒါအထိုင်တွင် အသ်အဟီးယာသ်ဖတ်ရုံခန့်မျှ ထိုင်ခြင်း။
အကယ်၍ ဖော်ပြပါ အချက်အလက်များအနက် အချက်တစ်ချက်ကိုပင် သိပါလျက်သော် လည်းကောင်း၊ မေ့မှား၍သော်လည်း ကောင်း လွတ်ကျန်ခဲ့သော် နမာဇ် ပြီးမြောက်မည် မဟုတ်ချေ ။
နမာဇ်၏ ၀ါဂျစ်ဗ်အချက်များ
            နမာဇ်အတွင်း၌ အောက်ဖော်ပြပါ အချက်များသည် ၀ါဂျစ်ဗ်ဖြစ်၏ ။
၁။ ရကအသ်တိုင်းတွင် စူရဟ်ဖွာသီဟာဖတ်ခြင်း ။
၂။ ဖရပ်ဇ်နမာဇ်၏ ပထမနှစ် ရကအသ်တွင် စူရဟ်ဖွာတော်ကြီး တစ်ပုဒ်ကို သို့မဟုတ်အာယသ်ပုဒ်ကို ရွတ်ဖတ်ခြင်း ။
၃။ ကောင်မာဟ် (၀ါ) ရူကုအ်မှ ပြန်ရပ်ခြင်း ။
၎။ ဂျလ်ဆာ (၀ါ) စဂ်ျဒဟ် နှစ်ခုကြားတွင် ညင်သာစွာထိုင်ခြင်း ။
၅။ သအ်ဒီလေအရ်ကာန် (၀ါ) ရုကုအ်စဂ်ျဒဟ် စသည်များကို ဖြည်းညင်းစွာပြုခြင်း ။
၆။ သုံးရကအသ် လေးရကအသ် အစရှိသော နမာဇ်များတွင် နှစ်ရကအသ်အပြီး အရှဟ်ဟွဒ် (၀ါ) အသ်သဟီယာသ် ဖတ်ရုံမျှ ထိုင်ခြင်းနှင့် သ်သဟီယာသ်ဖတ်ခြင်း ။
၇။ သရှဟ်ဟွဒ် ဖတ်ပြီးလျှင် တတိယရကအသ်အတွက် မတ်တပ်ရပ်ခြင်း ။
၈။ ၀ိသိရ်နမာဇ်၏ နောက်ဆုံးရကအသ်တွင် ဒိုအာကုနူသ်ဖတ်ခြင်း ။
၉။ နမ်ာဇ် အဆုံးသတ်ခြင်းငှာ အပ်စလာမုအလိုင်းကွမ် ၀ရတ်အသွလ္လာအက္ခရာကို ဆိုခြင်း ။
အကယ်၍ ဖော်ပြပါ ၀ါဂျစ်ဗ် အချက်များအနက် တစ်စုံတစ်ရာ ကျန်ရစ်သွားမူ သို့မဟုတ် ဆောင်ရွက်ရာ၌ ကြန့်ကြာသွားမှုအတွက်
စဂ်ျဒဟ်စဟူပြုရန် ၀ါဂျစ်ဗ်ဖြစ်၏ ။ မပြုလုပ်လျှင် နမာဇ်မပိုင်ပေ ။ ထပ်မံ ဖတ်ရမည် ။

နမာဇ်ပျက်ပြားသော အရာများ
            နမာဇ် ပျက်ပြားစေသော အရာများကို မွဖ်စဒါသေ့ နမာဇ်ဟုခေါ်လေသည် ။  ဤနေရာတွင် ၄င်းတို့နှင့် စပ်လျဉ်း၍ အရေးကြီး သည့်မတ်ဆ်အလာများကို ဆက်လက်တင်ဆက်ပါသည် ။
မတ်စ်အလာ ရှင်းလင်းချက်  (၁)
နမာဇ် ဖတ်နေစဉ်၌ တစ်ဦးတစ်ယောက်နှင့် စကားပြောဆိုခြင်းသည် သိပါလျက်ဖြစ်စေ၊ မေ့မှား၍ဖြစ်စေ နမာဇ်ပျက်သွားပေ၏ ။ (ဟေဒါယာ)
မတ်စ်အလာ ရှင်းလင်းချက် (၂)
နမာဇ် ဖတ်နေစဉ်၌ တစ်ဦးသောသူ၏ နှာချေသံကို ကြားလိုက်ရ၏ ၊ ယင်းနှာချေအသံကို တုန့်ပြန်သောအားဖြင့် ယရ်ဟမုကလ္လာဟ် ဟု ရွတ်ဆိုလိုက်၏ ။ ထိုအခါ ၄င်း၏ နမာဇ်သည် ပျက်သွားပေအံ့ ။ (ဟေဒါယာ)
မတ်စ်အလာ ရှင်းလင်းချက် (၃)
နမာဇ်ဝတ်ပြုစဉ် ကုရ်အာန်ကျမ်းစာကို ကြည့်၍ ဖတ်နေခဲ့မူ ၄င်း၏ နမ်ာဇ်သည် ပျက်သွားပေ၏ ။ (ဒွရ်ရေမွခ်သာရ်)
မတ်စ်အလာ ရှင်းလင်းချက် (၄)
တစ်ဦးသော်သူက စလာမ်ပေး၏ ။ နမာဇ်ဖတ်နေစဉ်၌ ၄င်းကိုဝအလိုင်း ကုမ္ပတ်စ်စလာမ်ဟု ပြန်ကြားလိုက်၏ ။ ထိုအခါ နမာဇ်ပျက် သွားပေအံ့ ။ (ဒွရ်ရေမွခ်သာရ်)
မတ်စ်အလာ ရှင်းလင်းချက် (၅)
နမာဇ် ဖတ်နေစဉ် ကစ်ဗလာဘက် ရှေ့ရှုရာမှ ရင်ဘက်လွှဲပြောင်းသွားမူ နမာဇ် ပျက်သွားပေမည် ။ (ဒွရ်ရေမွခ်သာရ်)
မတ်စ်အလာ ရှင်းလင်းချက် (၆)
နမာဇ် ဖတ်နေစဉ် ပါးစပ်အတွင်း၌ ကွမ်းနှင့် ကွမ်းတံတွေးများ ရှိနေမူ နမာဇ် ပျက်သွားပေအံ့ ။ (ရှာမီ)
မတ်စ်အလာ ရှင်းလင်းချက် (၇)
နမာဇ်အတွင်း တစ်စုံတစ်ရာသော ပျော်ရွှင်ဖွယ် သတင်းကိုကြား၍ အလ်ဟမ်ဒုလစ်လ္လာဟ်ဟု ဆိုလိုက်သော် သို့မဟုတ် တစ်ဦးတစ် ယောက် သေဆုံးသော သတင်းကိုကြားသဖြင့် အင်နာ့လိလ္လဟိဝ အင်နာအိလိုင်းဟိရာဂျိအူန်ဟု ဆိုလိုက်သော် နမာဇ် ပျက်သွားပေ၏ ။(ဒွရ်ရေမွခ်သာရ်)
မတ်စ်အလာ ရှင်းလင်းချက် (၈)
နမာဇ် ဖတ်နေစဉ် ကလေးနို့စို့လိုက်မူ နမာဇ် ပျက်သွားပေ၏ ။ (မွခ်သာရ်)
မတ်စ်အလာ ရှင်းလင်းချက်(၉)
ကလေးသူငယ်တစ်ဦး လိမ့်ကျသွား၍ ထိုလိမ့်ကျသံကို နမာဇ်အတွင်း၌ ကြားမိပြီး ဗိစ္စမိလ္လာဟ် ဖတ်လိုက်လျှင် နမာဇ် ပျက်သွား၏ ။
မတ်စ်အလာ ရှင်းလင်းချက်(၁၀)
နမာဇ် ဖတ်နေစဉ် ညည်းညူသံများ အိုအင်ဟု ဆိုလျှင်လည်းကောင်း၊ ညည်းတွား၍ ငိုယိုလျှင်လည်းကောင်းနမာဇ်ပျက်
ပေ၏ ။အ ကယ်၍ ငရဲဘုံနှင့် သုခဘုံကို သတိရ၍ စိတ်တက်ကြွလာသဖြင့် ငိုယိုသံထွက်ပေါ်လာမူ ထိုအခါ နမာဇ် မပျက်ချေ ။ (ဟေဒါယာ)
မတ်စ်အလာ ရှင်းလင်းချက်(၁၁)
နမာဇ်အတွင်း၌ သောက်သုံးရာ တစ်ခုကို သောက်လိုက်ခြင်း သို့မဟုတ် ကုလားပဲစေံခန့် စားစရာများကို စားသုံး
လိုက်ခြင်းဖြင့် နမာဇ် ပျက်သွားပေ၏ ။ အလားတူ ကုလာပဲစေ့ခန့်ရှိသော အရာတစ်ခုကို စားသုံးလိုက်လျှင်လည်း နမာဇ် ပျက်သွား
ပေ၏ ။ ၄င်းထက်နည်းလျှင် မ ပျက်ပေ ။
မတ်စ်အလာ ရှင်းလင်းချက်(၁၂)
အလ္လာဟုအပ်က်ဗရ်၏ အလိဖ်ကိုဆွဲ၍ အားလ္လားဟုဖတ်လိုက်၏ ။ သို့မဟုတ် အပ်က်ဗရ်၏ အလိဖ်ကိုဆွဲ၍ အပ်က်ဗာရ်ဟု ဖတ်လိုက် သည်ဆိုသော် နမာဇ် ပျက်သွားပေ၏ ။ (ဒွရ်ရေမွခ်သာရ်)
နမာဇ်၌ မက္ကရူဟ်ဖြစ်စေသော အရာများ
            မက္ကရူဟ်ဟူသော စကားရပ်များမှာ နမာဇ်မပျက်ချေ။သို့ရာတွင် ဆ၀ါဗ်အကျိုးလျော့နည်း၍ အပြစ်ထိုက်လေသည် ။၎င်းနှင့်ပတ်သက် သော အချို့သော မတ်စ်အလဟ်များကို တင်ပြပါအံ့ ။
၁။ နမာဇ်ဝတ်ပြုနေစဉ် တစ်ဦး၏ စလာမ်ကို လက်မြှောက်၍ ပြန်ကြားခြင်း ။
၂။ နမာဇ်တွင်း၌ အင်္ကျီစများကို သိမ်းခြင်း သို့မဟုတ် ၄င်းဖြင့်ကစားခြင်း ။
၃။ သက်ရှိရုပ်ပုံရှိသော အ၀တ်ဖြင့် နမာဇ်ဖတ်ခြင်း ။
၎။ ဒုတိယရကအသ်ကို ပထမရကအသ်ထက်ပို၍ ရှည်စွာဖတ်ခြင်း ။
၅။ ပါးစပ်အတွင်း ပိုက်ဆံပြား သို့မဟုတ် အခြား တစ်စုံတစ်ရာကိုထည့်၍ နမာဇ်ဖတ်ခြင်း ။
၆။ အပေါ့အပါး သွားလိုဇောများ ဖြစ်နေလျက် နမာဇ်ဖတ်ခြင်း ။
၇။ နမာဇ် ဖတ်နေစဉ်တွင် လက်ချောင်းများကို ချိုးခြင်း ။
၈။ နမာဇ် ဖတ်နေလျက် ဟိုဟိုဒီဒီ ကြည့်ခြင်း။
ဖော်ပြပါ ကိစ္စအားလုံးတို့သည် နမာဇ်အတွင်းမက္ကရူဟ်ဖြစ်ပေ၏ ။သို့ဖြစ်၍ ၄င်းတို့မှ ရှောင်ရှားရန်လည်း အရေးကြီးပေသည် ။
နမာဇ်၏ အချို့သောအရေးကြီးသည့် မတ်စ်အလဟ်များ
မတ်စ်အလဟ် ရှင်းလင်းချက်(၁)
နိယသ်ပြုသောအခါဝယ် လက်များကို ပခုံးတိုင် ပင့်မြှောက်ခြင်းသည် စွန္နသ်ဖြစ်၏ ။အကယ်၍ လက်ပင့်မြှောက်ခြင်း မပြုဘဲနေလျှင် နမာဇ်ပြီးမြှောက်ငြားသော်လည်း စွန္နသ်နှင့် ဆန့်ကျင်ရာရောက်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၂)
နမာဇ်၏ ရကအသ်တိုင်းတွင် ဗစ္စမိလ္လဟ်ဖတ်၍ စူရဟ်ဖွာသိဟာကို ဖတ်ရပေ၏ ။ထို့နောက် စူရဟ်တွဲသောအခါတွင်လည်းဗစ္စမိ လ္လာဟ်ကို ဖတ်ရပေ၏ ။ဤသည်ကို သာသနာ့ပညာရှင်များက မြတ်သည်ဟု ဖော်ပြထားပေ၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၃)
အကယ်၍ လူတစ်ဦးသည် သိပါလျက်နှင့် ပထမစူရဟ်ကိုဖတ်ပြီး၊ နောက်မှ စူရဟ်ဖွာသိဟာကို ဖတ်ခဲ့သော် နမာဇ်ကို ပြန်ဖတ်ရပေ မည် ။
မတ်စ်အလဟ် ရှင်းလင်းချက်(၄)
စူရဟ်ဖွာသိဟာ ဖတ်ပြီး အနည်းဆုံး စူရဟ်ငယ် တစ်ပိုဒ်သို့မဟုတ် ၄င်းမျှ အာယာသ်တော်တစ်ပိုဒ် သို့မဟုတ် အာယာသ်ငယ်သုံးပိုဒ် ကို ဖတ်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက်(၅)
ရုကုအ်ဦးညွတ်ရာမှ ပြန်ရပ်သောအခါ စမိအလ္လာဟု လိမန်ဟမိဒဟ်ကိုလည်းကောင်း၊ ရဗ္ဗနာလကဟ်ဟမ်ဒ်ကိုလည်းကောင်း၊ သို့မ ဟုတ် ဦးညွတ်ရာတွင် စွဗ္ဗဟာနရဗ်ဗိယလ်အဇွီမ်ကိုလည်းကောင်း ၊ သို့မဟုတ် နောက်ဆုံးအထိုင်တွင် အသ်သဟီးယာသ်ပြီး၊ ဒရူဒ်စသည်များ ကို ဖတ်ခြင်းမပြုခဲ့မူ နမာဇ် ပြီးမြောက်သွားသော်ငြားလည်း စွန္နသ်နှင့်ဆန့်ကျင်ရာ ရောက်ပေ၏ ။ ထိုနည်းလည်းကောင်း
ပင် ဒရူဒ်ဖတ်ပြီး ဒိုအာ မရွတ်ဖတ်ခဲ့သော နမာဇ်သည်အထမြောက်သွားသော်လည်း စွန္နသ်နှင့်ဖီလာဆန့်ကျင်ရာရောက်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၆)
ရုကုအ် ဦးညွတ်ရာမှ ကောင်းစွာရပ်ခြင်း မပြုဘဲ အနည်းငယ်မျှ ခေါင်းမော့ပြီး ဦးချရာတွင် အလျင်အမြန် သွားလိုက်လျှင် နမာဇ် မပြီး မြောက်ပေ ။ ၄င်းကို ထပ်လောင်းဖတ်ရပေမည် ။ (ရှာမီ)
မတ်စ်အလဟ် ရှင်းလင်းချက်(၇)
စဂျဒဟ်နှစ်ခုကြားတွင် ကောင်းစွာ မထိုင်ဘဲ အနည်းငယ်မျှ ခေါင်းမော်၍ ဒုတိယဆဂျဒဟ်သို့ သွားလိုက်၏ ။ ထိုအခါ စဂ်ျဒဟ် တစ်ခု သာ ထမြောက်၏ ။ ထို့ကြောင့် နမာဇ်လည်းမပိုင်ချေ ။ ထို့အပြင် အကယ်၍ ထိုသို့ ထထိုင်ခြင်းသည် ကိုင်ဒါအထိုင်မျိုးပမာ
ဖြစ်သွားလျှင် တာ ဝန်အရ နမာဇ်ပြီးမြောက်ပေ၏ ။ သို့သော်လည်း အလွန်ညံ့သော နမာဇ်၊ ရိုကျိုးမှု ကင်းမဲ့သောနမာဇ်တို့ ဖြစ်နေသည့်
အတွက်ကြောင့် ဤနမာဇ် ကို ထပ်မံဖတ်ရပေမည်။ (ဗဟဲရှ်သီဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၈)
နမာဇ်အတွင်း စူရဟ်ဖွာသိဟာနှင့် အခြားစူရဟ် စသည်များကို တီးတိုးစွာ ဖတ်ရ၏ ။တီးတိုးဆိုသည်မှာ မိမိအသံကို မိမိသာ
ကြားစေ ရ၏။ ထိုသို့ မိမိအသံ မိမိကြားလျှင် နမာဇ်ပြီးမြောက်မည်မဟုတ်ချေ ။ အနည်းဆုံး နှုတ် ၊ လျှာ၏ လှုပ်ရှားမှုရှိနေရမည်။နှုတ်ပိတ်
၍စိတ်ဖြင့် ဖတ်ခဲ့လျှင် နမာဇ်အလျင်းပိုင်မည်မဟုတ်။
မတ်စ်အလဟ် ရှင်းလင်းချက်(၉)
အကယ်၍ နောက်ဆုံးနှစ် ရကအသ်တွင် စူရဟ်ဖွာသိဟာ ဖတ်မည့်အစား စွဗ်ဟာ နလ္လာဟ် သုံးကြိမ်ဖတ်ခဲ့ပါမူ နမာဇ် ပြီးမြောက် သွား၏။ သို့ရာတွင် စူရဟ်ဖတ်ခြင်းက မြတ်၏။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၀)
အစ ပထမ ၊နှစ် ရကအသ်တွင် စူရဟ်ဖွာသိဟာ ဖတ်ပြီးနောက် စူရဟ်တွဲခြင်းသည် ဝါဂျစ်ဗ်ဖြစ်၏။ အကယ်၍တစ်ဦးတစ်ယောက်
သည် ပထမရကအသ်တွင် စူရဟ်ဖွာသိဟာ ဖတ်၍ စူရဟ်မတွဲခဲ့မူ သို့မဟုတ် စူရဟ်ဖွာသိဟာကို မဖတ်ခဲ့မူ ၊စွဗ်ဟာနလ္လာဟ်ကိုသာ ရွတ်
ဖတ် နေခဲ့မူ သို့ရှိရာ၊ ဤသို့ အဖြစ်မျိုးတွင် နောက်ဆုံးရကအသ်များတွင် စူရဟ်ဖွာသိဟာဖတ်၍ စူရဟ်တွဲဖတ်ရပေမည်။ အကယ်၍ အထက်ပါ ကိစ္စ သည် သိပါလျက် ဖြစ်ခဲ့မူ နမာဇ်ကိုထပ်မံ ဖတ်ရပေမည်။ မေ့မှား ၍ ဖြစ်ခဲ့မူဆဂ်ျဒဟ်စဟူ ပြုရပေမည်။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၁)
မည်သည့်နမာဇ်အတွက် မည်သည့်စူရဟ်ကိုမျှ မိမိဘက်မှသတ်မှတ်ခြင်း မပြုရ။ ဤသို့ ပြုခြင်းသည် မက္ကရုဟ်ဖြစ်၏။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၂)
ဒုတိယ ရကအသ်တွင် ပထမရကအသ်ထက် ရှည်သောရဟ်ကို မဖတ်ရ၊ ဤသို့ပြုခြင်းသည် မက္ကရုဟ်ဖြစ်၏။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၃)
အကယ်၍ များစွာသော အမျိုးသမီးတို့သည် တစ်နေရာတည်း စုရုံးလျက်ရှိခဲ့မူ ထိုအခါ၌လည်း တစ်ဦးချင်းသာ ကိုယ်စီနမာဇ် ဖတ်ရ ပေမည်။ ဂျမာအသ်နှင့်တကွ မဆောက်တည်ရ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၄)
အကယ်၍ အမျိုးသမီးသည် မိမိခင်ပွန်းသည်နှင့် လည်းကောင်း၊ နေကာမပိုင်သော သားချင့်နှင့်အတူ ဂျမအသ်ပြု၍ နမာဇ်
ဖတ်ခဲ့ သော် ထိုအခါတစ်ပြေးတည်း မရပ်ဘဲ အနောက်တွင် ခွာ၍ ရပ်ရပေမည်။ ထိုသို့မဟုတ်မူ အမျိုးသား၏ နမာဇ်ပိုင်မည်မဟုတ်ပေ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၅)
အကြင်သူသည် နမာဇ် မဖတ်တတ်သေးသော် ထိုသူသည် အမြန်ဆုံး ကြိုးစား၍ သင်ကြားလိုက်ရပေမည်၊ လတ်တလောမဖတ်တတ် သေးသည့် စပ်ကြားတွင် ကဏ္ဍတိုင်း၌ စွဗ်ဟာနလ္လာဟ် သို့မဟုတ် အလ်ဟမ်ဒုလိလ္လာဟ် သို့မဟုတ် အလ္လာဟူးသပ်စ်ဗီးများကို ဖတ်နေရပေ မည် ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၆)
နမာဇ် ဖတ်နေစဉ် မတ်တတ်ရပ်သောအခါ မိမိမျက်စိများကို ဆဂ်ျဒဟ်ပြု ဦးချရာတွင် လည်းကောင်း၊ ရုကုအ်ဦးညွတ်သောအခါ
တွင် ခြေဖမိုးများတွင်လည်းကောင်း၊ စဂ်ျဒဟ် ပြုရာတွင် နှာခေါင်းတွင်လည်းကောင်း၊ စလာမ်လှည့်သောအခါတွင် လက်ပခုံးများအပေါ်
တွင် လည်း ကောင်း၊ မျက်စိအာရုံထားခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပေ၏။ ထို့အပြင် အကယ်၍ နမာဇ်အတွင်း၌ သန်းဝေခြင်း ဖြစ်ပေါ်
ခဲ့သော် ပါးစပ်ကို ကောင်းစွာ ပိတ်ရ၏။ အကယ်၍ ထိန်းမရသော် လက်ဖမိုးကို ပါးစပ်အပေါ်၌ တင်၍ ထိန်းချုပ်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၇)
အကယ်၍ နမာဇ်အဆုံးသတ်ရာတွင် စလာမ်အက္ခရာများမဆိုဘဲ တစ်ဦးတစ်ယောက်နှင့် စကားပြောလိုက်၏ ၊ သို့မဟုတ် ထ, သွား လိုက်၏။ သို့မဟုတ် နမာဇ်ပျက်စေသော် အပြုအမူတစ်ခုခုပြုလုပ်လိုက်၏ ။ ထိုအခါ ဖရပ်ဇ် တာဝန် ကျသွားသော်လည်း နမာဇ်ပြန်
ဖတ်ရန် ၀ါ ဂျစ်ဗ်ဖြစ်၏ ။ မဖတ်လျှင် အပြစ်ငရဲ ထိုက်ပေ၏ ။
ဝစ်သ်သိရ်နမာဇ်အကြောင်း
            အိယှာအချိန် ဖရပ်ဇ်နှင့်စွန္နသ် နမာဇ်များအပြီး ဝစ်သ်သိရ်သုံးရကအသ်ကို စလာမ်တစ်ကြိမ်တည်းဖြင့် ဖတ်ရန် ဝါဂျစ်ဗ်ဖြစ်ပေ၏ ။ ဝါ ဂျစ်ဗ်အဆင့်သည် ဖရပ်ဇ်နီးနီးရှိ၏ ။သို့အတွက်ကြောင့် တစ်ဦးတစ်ယောက်သည် အီယှာကသွာ ဖြစ်သွားလျှင် ၄င်းဖရပ်ဇ်နမာဇ်နှင့်
အတူတူ ဝစ်သ်သိရ်ကိုလည်း ကသွာပြုရန် ပညတ်ထားပေသည်။ဟဒီးစ်တော်မြတ်တွင် လာရှိသည်မှာ အကြင်သူသည် ညဥ့်သန်းခေါင်၌
သဟဂ်ျဂျွံဒ် အချိန်၌ ထနိုင်မည်ကို စိုးရိမ်ရလျှင် ဝစ်သ်သိရ် နမာဇ်ကိုလည်း ညဥ့်ဦး အိယှာအပြီး၌သာ ဖတ်လိုက်ရာ၏ ။ထို့နောက်အကြင်
သူအား ညဥ့်သန်းခေါင်ယံတွင် ထ, နိုင်မည်ကို မျှော်လင့်ချက်ရှိမူ ထိုသူအဖို့ ညဥ့်သန်းခေါင်ယံ၌ပင် ဝစ်သ်သိရ်ကို ဖတ်ရပေမည် ။ (မွတ်စ်လင်မ်)
တတိယ ရာကအသ်တွင် စူရဟ်ဖွာသေ့ဟာနှင့် စူရဟ်ဖတ်ပြီး ရုကုအ်မပြုမီ အလျင် အလ္လာဟု အပ်ကဗရ် ရွတ်ဆိုကာ လက်နှစ်
ဘက် ကို နားတိုင် ပင့်မြှောက်ရပေမည်။ ထို့နောက်တစ်ဖန် လက်ပိုက်လိုက်ရပေမည်။ ထို့နောက် ဒိုအာအေ့ကုနူသ်ကို တီးတိုးစွာ ဖတ်ရ
ပေမည်။ ဖတ် ပြီးလျှင် ဦးညွတ်ခြင်း၊ ဦးချခြင်းနှင့် ကိုင်ဒါစသည်များကို ပြု၍ စလာမ်နှစ်ဘက် လှည့်ရပေမည် ။
ဝစ်သ်သိရ်၏အချို့ မတ်စ်အလာများ
မတ်စ်အလဟ် ရှင်းလင်းချက်(၁)
အကယ်၍ လူတစ်ဦးအား ဒိုအာအေကုနှုသ် နူယ်ငုံ မရရှိခဲ့သော် အမြန်ဆုံးကြိုးစား၍ ကျက်မှတ်ရပေမည်။ မရသောအခါစပ်ကြားတွင်
အလ္လာဟွမ်ဂ်ဖိရ်လီ သုံးကြိမ်
သို့မဟုတ် -
ယာရဗ်ဗေ့သုံးကြိမ်
သို့မဟုတ် -
ရဗ်ဗနာအားသိနာ ဖစ်ဒွန်ယာဟစနသောင်း ဝဖစ်လ်အားခေသိ ဟစနသောင်း ဝကိနာအဇားဗန်နားရ်
တစ်ကြိမ်ဖတ်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက်(၂)
အကယ်၍ ဒိုအာအေကုနူသ် ဖတ်ရန် မေ့သွားမူ ၄င်းကိုဦးညွတ်ပြီးမှ သတိရခဲ့မူ ထိုအခါ ပြန်၍ဖတ်ရန်မလိုတော့ပေ၊ စဂ်ျဒဟ် ပြုလိုက် လျှင် နမာဇ် ပြီးမြောက်သွားပေမည် ။ နမာဇ် ပြန်ဖတ်ရန်လည်း မလိုအပ်တော့ပေ။ (ရောကိယွလ်ဖလာဟ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၃)
အကယ်၍ မေ့မှား၍ ပထမရကအသ်တွင် လည်းကောင်း သို့မဟုတ် ဒုတိယရကအသ်တွင်လည်းကောင်း၊ ဒုအာအေကုနူသ်ဖတ် လိုက်မူ ၄င်းဖတ်ခြင်းသည် အကျုံးမဝင်ပေ။ တတိယရကအသ်တွင် ထပ်မံ၍ ဖတ်ရပေမည်။ ထို့အပြင် နောက်ဆုံးတွင် စဂ်ျဒဟ်စဟူ ပြုရပေ မည်။ (ရှာမီ)
မတ်စ်အလဟ် ရှင်းလင်းချက်(၄)
            အကယ်၍ အီယှာအပြီးတွင် ဝစ်သ်သိရ် ဖတ်လိုက်ပါမူ ၄င်းကို သန်းခေါင် သဟဂ်ျဂျွဒ်အပြီး ထပ်မံဖတ်ရန် မလိုအပ်ပေ။
မတ်စ်အလဟ် ရှင်းလင်းချက်(၅)
သဟဂ်ျဂျွဒ် အချိန်တွင် ဦးစွာ နဖိဟ်ကို ဖတ်ရ၏ ။ ထို့နောက်တွင် အဆုံး၌ ဝစ်သ်သိရ်ကို ဖတ်ရမည်။
မတ်စ်အလဟ် ရှင်းလင်းချက်(၆)
ဝစ်သ်သိရ်၏ သုံးရကအသ်တွင် စူရဟ်ဖွာသေဟာ ဖတ်ပြီးလျှင် စူရဟ်တွဲရပေ၏ ။ (ရဒ်ဒွလ်မွခ်သာရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၇)
ဝစ်သ်သိရ်၌ ဒိုအာအေကုနူသ် ဖတ်မည့်အစား မေ့လျော့၍ စနာဖတ်မိသွားလျှင် နမာဇ် ပြီးမြောက်သွားပေမည်။
(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၈)
ဝစ်သ်သိရ်နမာဇ် ဖတ်နေစဉ်၌ ဒုတိယရက်အသ်နှင့် တတိယရက်အသ်ကို မဝေခွဲနိုင်အောင် ဖြစ်နေ၏ ။ ထိုအခါထိုသို့ ဖြစ်ပေါ်
လာသော ရကအသ်တွင် ဒိုအာအေကုနူသ်ဖတ်ရမည်။ ထို့နောက် ထိုင်၍ အသ်သဟီးယာသ်ကို ဖတ်ပြီး ထပ်မံ မတ်တတ်ရပ်ကာ တစ်ရကအသ် အပိုကို ဖတ်ရပေမည်။ ထို့နောက် နောက်ဆုံးတွင် စဂ်ျဒဟ်စဟူးကို ပြုလုပ်၍ နမာဇ် အဆုံးသတ်ရပေမည်။ (ဗဟဲရှ်သီးဇေဝရ်)
နမာဇ်များ၏ အကြောင်းထွေရာများ
            (က) မကျန်းမာသူတို့၏ နမာဇ်နှင့်မတ်စ်အလဟ်များအစ္စလာမ် တရားတော်မြတ်သည် နမာဇ်နှင့် စပ်လျဉ်း၍ အလွန်အမင်း
ပညတ်တော်များ ချထား၏ ။ထို့အပြင် တမန်တော်မြတ်သည် နမာဇ်ကို စွန့်လွှတ်သူအား -
အကြင်သူသည် တာဝန်သိပါလျက် နမာဇ်ကို စွန့်လွှတ်ခဲ့သော် ၄င်းသည် ကာဖိရ်အနီးသို့ ရောက်သွားပေ၏ဟု ပြင်းထန်သော စကား လုံးများဖြင့် မိန့်ဆိုထားသော်လည်း နေရာများစွာတွင် ရောဂါသည်နှင့် မကျန်းမာသူတို့အတွက် ညင်းသာမှုနှင့် လွယ်ကူမှုတို့ကို ပြထားပေ၏။
သဘောမှာ အကယ်၍ မကျန်းမာသူသည် မတ်တတ်ရပ်၍ နမာဇ်ဖတ်နိုင်စွမ်း မရှိမူ သို့မဟုတ်မတ်တတ်ရပ်လျှင် ရောဂါတိုး
မည်ကိုစိုးရိမ်ရမူ သို့မဟုတ် မူးဝေပြီး လဲကျမည်ကို စိုးရိမ်ရမူ သို့မဟုတ် မတ်တတ်တော့ ရပ်နိုင်၏ ။သို့သော် ရုကုအ်စဂ်ျဒဟ် စသည်
များကို ပြုနိုင်စွမ်း မရှိမူ ၄င်းအား ထိုင်၍ နမာဇ် ဖတ်ခွင့်ပြုထားပေသည်။
ဤသည်နှင့် စပ်လျဉ်း၍ အရေးကြီးသော မတ်စ်အလာအချို့ကို ဆက်လက်တင်ပြပါအံ့။
မတ်စ်အလဟ် ရှင်းလင်းချက်(၁)
အကယ်၍ လူတစ်ဦးတွင် ရောဂါ ဤမျှ ကြီးထွားနေသည်မှာ ရကအသ်အပြည့်ပင် ရပ်နိုင်စွမ်း မရှိပေ။ ထိုအခါ ရပ်နိုင်သမျှသာ ရပ်၍ ကျန် ရကအသ်များကို ထိုင်၍ ဖြည့်စွက်လိုက်ရမည်။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၂)
ရောဂါသည်တစ်ဦးသည် ရူကုအ်နှင့် စဂ်ျဒဟ်ကို အရိပ်အမြွက်ဖြင့်သာ ပြုခဲ့ရ၏ ။ ထို့နောက် နမာဇ်၌ပင် ရုကုအ်စဂျစ်ဒဟ်ပြု
နိုင်စွမ်းရှိ လာသည်ဆိုသော် ဤနမာဇ်ကို ထပ်မံ ဖတ်ရပေမည်။
မတ်စ်အလဟ် ရှင်းလင်းချက်(၃)
အကယ်၍ လူနာတစ်ဦး၌ ထိုင်၍ နမာဇ် ဖတ်နိုင်စွမ်း မရှိလဲလျောင်း၍ ဖတ်ရပေမည်။ ဖတ်ပုံဖတ်နည်းမှာ ပက်လက်လှန်၍ ကစ်ဗလာဘက်သို့ လှည့်လိုက်ပါ။ ၄င်းဘက်သို့ ခြေဆင်းခြင်း မပြုရ။ ဒူးခေါင်းနှစ်ဘက်ကို ထေင်လိုက်ပါ။ ထို့နောက် ဦးခေါင်းအောက်တွင် မှီ အုံး သို့မဟုတ် အရာတစ်ခုခုကို အနည်းငယ် မြင့်စေရန် ထည့်ထားရပေမည်။ ထို့နောက် ရုကုအ်စဂ်ျဒဟ်အတွက် ဦးခေါင်းကိုညွတ်၍ အရိပ်အ မြွက် အယောင်ဖြင့် နမာဇ်ဖြတ်ရမည်။ (မွခ်သာရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၄)
လူတစ်ဦးသည် မျက်စိခွဲစိတ်ထား၏။ ထို့ကြောင့် ဆရာဝန်သည် လှုပ်ရှားခြင်းမှ ထားမြစ်ထား၏ ။ ထိုသို့အခါ လဲလျောင်း၍ အရိပ်အ ယောင်ဖြင့်သာ နမာဇ် ဖတ်ရပေမည်။ (ဒွရ်ရေမွခ်သာရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၅)
ရောဂါသည်တစ်ဦးမှာ ဤသို့ရှိ၏။ ၄င်းမှ အညစ်အကြေးများသည် အခင်းလဲ မပေးနိုင်လောက်အောင် တရွှဲရွှဲ ကျနေ၏။ ထိုအခါ ၄င်း အခင်းကို ထပ်မံ မလဲတော့ဘဲ ထိုအခင်းပေါ်၌သာနမာဇ် ဖတ်လိုက်ရပေမည်။ အရှင်မြတ်သည် လက်ခံတော်မူသောပေးတော်မူ သော အရှင်ဖြစ်တော်မူပေ၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၆)
အကယ်၍ လူမမာသည် ဦးခေါင်း၏ အရိပ်အခြည်ဖြင့်လည်း နမာဇ်ဖတ်နိုင်စွမ်း မရှိမူနမာဇ် မဖတ်ရပါ။ အကယ်၍ ၄င်းအခြေ
အနေ သည် တစ်နေ့နှင့်တစ်ည ကုန်လွန်ခဲ့မူ ထိုသို့ဖြစ်နေစဉ် စပ်ကြားရှိ နမာဇ်များသည် ခွင့်လွှတ်ချက်ရှိ၏ ။ (သဘောမှာကဇွာဖတ်
ရန်မလို) ။ထို သို့ မဟုတ်ဘဲ တစ်နေ့နှင့်တစ်ည ကုန်ဆုံးမည့် အလျင် ဦးခေါင်း၏ အရိပ်အယောင်ဖြင့် ဖတ်နိုင်စွမ်းရှိလာမူ ၄င်းနမာဇ်များကို ကသွာ ထပ်မံ ဖတ်ရန်မှာ အရေးကြီးပေ၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၇)
အကယ်၍ လူတစ်ဦး၏ နာဖူးပေါ်၌ အနာအဖုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်သော်လည်းကောင်း၊ ရှိနေမူ။ ထို့ကြောင့် ကြမ်း ပေါ်သို့ နဖူးချနိုင်စွမ်း မရှိမူ။ ထို့သို့သော မသက်သာသည့်အခါမျိုးတွင် ကြမ်းပေါ်တွင် နှာခေါင်းချ၍ စဂ်ျဒဟ် ပြုရပေမည် အကယ်၍
နှာခေါင်း ပင်ချ၍ စဂ်ျဒဟ် မပြုကဲ့သော် နမာဇ်ပြီးမြောက်မည်မဟုတ်။
မတ်စ်အလဟ် ရှင်းလင်းချက်(၈)
အကယ်၍ လူတစ်ဦးသည် ရောဂါကြီးရင့်ပြင်းထန်မှုကြောင့် ကေရအသ်၊ သပ်စ်ဗီ၊ သရှဟ်ဟွဒ် စသည်များကိုပင်လျှင် ဖတ်နိုင်
စွမ်း မရှိ ပေ။ ဆိုလိုသည်မှာ နှုတ်လျှာကို လှုပ်ရှားနိုင်စွမ်းပင် မရှိပေ။ ထိုအခါမျိုးတွင် စိတ်အတွင်း၌ ဖတ်ရပေမည်။ အကယ်၍ ထိုသို့လည်း ဖတ်နိုင်စွမ်း မရှိမူ နမာဇ်မှ ခွင့်လွှတ်ချက် ရှိပေ၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၉)
အကယ်၍ လူတစ်ဦးသည် ရောဂါကြီးသောကြောင့် မေ့မှားသတိလွတ်နေပင်၏။ ရကအသ်နှင့် စဂ်ျဒဟ်၏ အရေအတွက်ကိုပင် မပြု နိုင်ပေ။ ထိုအခါ လူတစ်ဦးအား မိမိအနား၌ ထိုင်စေ၍ သတိပေးစေရပေမည်။ ထိုသို့ သတိပေးခြင်းအားဖြင့် နမာဇ်ပျက်မည် မဟုတ်
ချေ။ သို့ဖြစ် ရာ အကယ်၍ သင်ကြားပေးရန်အတွက် ဖြစ်မူ နမာဇ် ပျက်သွားပေအံ့။ (ရှာမီ)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၀)
သူတစ်ဦးသည် သွက်ချာပါဒ ရောဂါဖြစ်၍ လဲသွား၏ ။ ထိုကဲ့သို့သော ရောဂါဖြစ်၍ ရေဖြင့် အစ်စ်သင်ဂျာ သုတ်သင်သန့်ရှင်းမှု မပြုနိုင် သော် အဝတ်စဖြင့် ဖြစ်စေ၊ မြေစိုင်ခဲ့ဖြင့် ဖြစ်စ သုတ်သင်ပေး၍ ဤအတိုင်းပင် ရေမဆေးဘဲ နမာဇ် ဖတ်ရမည်။ အကယ်၍ အဝတ်စ သို့မဟုတ် မြေစိုင်ခဲဖြင့် သုတ်သင်ခြင်းပင် မပြုနိုင်သော်မသုတ်သင်ဘဲ ဤအတိုင်းပင် ဖတ်ရမည်။
မတ်စ်အလာတစ်ရပ် သတိချပ်ရမည်မှာ တစ်ဦးဦး၏ အရှက်ကို လင်နှင့်မယားချင်းမှတစ်ပါး အခြားမည်သူမှ ကြည့်ပိုင်ခွင့်
မရှိပေ။သား သမီးပင် ဖြစ်စေ၊ မိဘပင်ဖြစ်စေ ဟရာမ်ဖြစ်ချေ၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၁)
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် စဂ်ျဒဟ်ပြုရာ၌ အခက်အခဲ ရှိနေသော် ကြမ်းပေါ်တွင် မြင့်သောအရာတစ်ခုခုကို ထား၍
၎င်းအပေါ် ပြုခွင့်ရှိပေသည် ။ (ဒွရ်ရေမွခ်သာရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၂)
အကယ်၍ ရောဂါသည်တစ်ဦးသည် ဝါရှောင်ပြီး နမာဇ ဖတ်လျှင် မတ်တတ်ရပ်၍ မဖတ်နိုင်ဘဲ ရှိခဲ့မူ ထိုအခါ ရိုဇာလည်းရရှိ
စေရန် ထိုင်၍သာ ဖတ်ရပေမည်။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၃)
ရောဂါသည်တစ်ဦးသည် မေ့မျောနေလျက်ပင် ကွယ်လွန်အနိစ္စရောက်သွားမူ ၄င်းအပေး မေ့မျောနေစဉ်က နမာဇ်များ၏ကသွာ
လည်း မရှိ ဖိဒိယာလည်း မရှိချေ။ (အာလမ်ဂီရ်)
စဂ်ျဒဟ်စဟူးနှင့် ၄င်း၏မတ်စ်အလဟ် 
            တစ်ခါတစ်ရံ လူသားများဖြစ်သည့်အားလျော်စွာ နမာဇ်တွင်း၌ မှားယွင်းသော အမှုများ ဖြစ်ပေါ်တတ်ပေသည်။တရားတော်မြတ်
သည် ထိုအခါမျိုးတွင်လည်း လွယ်ကူမှုကို ပြသထားပေသေးသည်။ အကယ်၍ နမာဇ် အတွင်း၌ ဝါဂျစ်ဗ် တာဝန်တစ်ခုခု ပျက်ကွက်ခဲ့သော် သို့မ ဟုတ် ဝဂျစ်ဗ်ဖရဇ် တာဝန်များကို ဆောင်ရွက်ရာ၌ ကြန့်ကြာသွားသော် သို့မဟုတ် ဖရပ်ဇ်တာဝန် တစ်ရပ်ရပ်ကိုနှစ်ကြိမ်
ဆောင်ရွက်ခဲ့သော်စဂ်ျဒဟ်စဟူးပြုရန် ဝါဂျစ်ဗ် ထိုက်ပေသည်။
စဂ်ျဒဟ် ပြုလိုက်ခြင်းအားဖြင့် နမာဇ်တွင် ပြုပြင်မှု ရရှိပြီး နမာဇ် အထမြောက်သွားပေသည်။ထိုသို့ စဂျဒဟ် မပြုဘဲရှိမှု နမာဇ်မပြီး မြောက်၍ ထပ်မံဖတ်ရမည် ဖြစ်သည်။ ဒဂ်ျဒဟ်စဟူး၏ များစွာသော မတ်စ်အလာများအနက် အရေးပါသော မတ်စ်အလဟ်များကိုသာ တင်ပြ ပါအံ့။
မတ်စ်အလဟ် ရှင်းလင်းချက်(၁)
စဂ်ျဒဟ်စဟူး ပြုနည်းမှာ နမာဇ်၏ နောက်ဆုံးကအ်ဒဟ် အထိုင်တွင်အသ်သဟီးယာသ်ကို ဖတ်ပြီးလျှင် လက်ယာဘက်သို့ စလာမ် လှည့်ပါ။ ထို့နောက် စဂ်ျဒဟ် နှစ်ကြိမ်ပြုပါ။ ထို့နောက်ထပ်မံ အသ်သဟီးယာသ် ဖတ်ပြီးဆက်၍ ဒရူဒ်နှင့် ဒိုအာများဖတ်ကာ စလာမ်လှည့်ပါ ။ ဤသည်ကို စဂ်ျဒဟ်ဟဟူဟု ခေါ်၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၂)
အကယ်၍ နမာဇ်အတွင်း၌ ဖရပ်ဇ်တစ်ပါးပါး လစ်ဟင်းသွားမူ ပမာဆိုသော် ရူကုအ်ပြုရန် ကျန်ရစ်သွား၏။ ထိုအခါ
စဂ်ျဒဟ်စဟူပြုခြင်း ဖြင့် မပြီးမြောက်ရုံသာမက နမာဇ်ကို ထပ်မံ ဖတ်ရ၏ ။ အကယ်၍ ရူကုအ်နှစ်ကြိမ်သော်လည်းကောင်း၊ စဂ်ျဒဟ်သုံးကြိမ်သော်လည်းကောင်း၊ ပြုမိခဲ့လျှင် စဂ်ျဒဟ်စဟူ ပြုခြင့်ဖြင့် နမာဇ် ပြီးမြောက်ပေ၏ ။ (ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၃)
ဝစ်သ်သိရ်စွန္နသ်နဖိလ်နမာဇ်များ၏ ရကအသ်တိုင်းတွင် စူရဟ်တွဲ၍ ဖတ်ခြင်းသည် ဝဂျစ်ဗ်ဖြစ်ပေ၏။ စူရဟ်တွဲရန်မေ့လျော့သွားလျှင် စဂ်ျဒဟ်စဟူပြုရန် ဝါဂျစ်ဗ် ဖြစ်ပေ၏။ သို့ဖြစ်၍ စူရဟ်တွဲရန် မေ့လျော့သွားလျှင် စဂ်ျဒဟ်စဟူပြုရန် ဝါဂျစ်ဗ် ဖြစ်၏။ အကယ်၍ စဂ်ျဒဟ်စဟူပြု ရန် လွတ်သွားခဲ့လျှင် နမာဇ်မြောက်မည် မဟုတ်ချေ။ (ဟေဒါယတ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၄)
ဖရပ်ဇ်နမာဇ်၏ ပထမနှစ်ရကအသ်တွင် စူရဟ်ဖာသေ့ဟာဖတ်ပြီး စူရဟ်တွဲရန် မေ့သွားခဲ့လျှင် ကျန်ရကအသ်တွင် တွဲဖတ်၍ စဂ်ျဒဟ် စဟူ ပြုရပေမည်။ ထို့အပြင် အကယ်၍ နှရက်အသ်အနက်တစ်ရကအသ်တွင် စူရဟ်တွဲရန် မေ့သွားလျှင် ကျန်တစ်ရကအသ်
တွင် စူရဟ်တွဲ၍ ဟဂ်ျစဟ်စဟူပြုလိုက်ရပေမည်။ (ဗဟဲရှ်သီးဇဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၅)
ဖရပ်ဇ်နမာဇ် သို့မဟုတ် ဝစ်သ်သိရ်နမာဇ်၏ မည်သည့်ရကအသ်၌ စူရဟ်တွဲရန် သတိလစ်သွား၏ ။ ထိုသို့ဖြစ်ကြောင်းကို
နောက်ဆုံး အထိုင်၌ သတိပြန်ဝင်လာ၏။ ထိုအခု စဂျစဟ်စဟူပြုလိုက်ရချေမည်။ သို့ဖြင့် နမာဇ် ပြီးမြောက်သွားပေမည်။
မတ်စ်အလဟ် ရှင်းလင်းချက်(၆)
နမာဇ်အတွင်း၌ စူရဟ်ဖာသေ့ဟာ အဖင့်ကဏ္ဍကို ဖတ်ရန်မေ့သွား၏။ စူရဟ်ကိုသာ ဖတ်လိုက်၏ ။ သို့မဟုတ် စူရဟ်ဖွာသေ့ဟာ
၏ အလျှင်စူရဟ်ကို ဖတ်လိုက်၏ ထိုအခါ စဂ်ျဒဟ်စဟူပြုရန် ဝါဂျစ်ဗ်ဖြစ်၏။ မပြုလျှင် နမာဇ်ပိုင်မည်မဟုတ်။
မတ်စ်အလဟ် ရှင်းလင်းချက်(၇)
စူရဟ်ဖွာသေ့ဟာ ဖတ်ပြီး မည်သည့်စူရဟ်ဖတ်ရမည်ကို စဉ်းစားနေ၏ ။ သို့မဟုတ် ကိရအသ်ရွတ်ဖတ်နေရင်း ရပ်သွား၏။ သို့မဟုတ် အသ်သဟီးယာသ်ကို မဖတ်ဘဲ စဉ်းစားနေ၏။ ထိုအခါတိုင်း နောက်ဆုံးအတိုင်တွင် လည်းကောင်း၊ ရူကုအ်၌ လည်းကောင်း စဉ်းစားနေ၏။ အထက်ပါ အခြေအနေအားလုံးတွင် စွဗ္ဗဟာနလ္လာဟ် သုံးကြိမ်ဖတ်ရုံမျှ ကြာသွားမူ စဂ်ျဒဟ်စဟူပြုရန် ဝါဂျစ်ဗ် ဒဟ်စဟူပြုရန်ဝါဂျစ်ဗ်ဖြစ်ပေ၏။
(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၈)
သုံးလေးရကသ် အစရှိသော ဖရပ်ဇ်နမာဇ်တွင် လည်းကောင်း၊ ဝစ်သ်သိရ် နမာဇ်တွင် လည်းကောင်း နှစ်ရကအသ်ဖတ်ပြီး ကိုင်ဒါအ ထိုင်၌ အသ်သဟီးယာသ် တစ်ကြိမ်မှနှစ်ကြိမ် ဖတ်လိုက်၏၊ ထိုအခါ စဂ်ျဒ်ဟ်စဟူထိုက်ပေ၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၉)
ဖရပ်ဇ်နမာဇ် သို့မဟုတ် ဝစ်သ်သိရ်နမာဇ်၏ ပထမအထိုင်တွင် အရှဟ်ဟွဒ်ဖတ်၍ ဒရူဒ်ရှရီဖ်ကို အလ္လာဟွမ္မစွာလ်လိအလာမုဟမ္မဒ် ထက်သာလွန်၍ ဖတ်လိုက်မိသော် စဂျဒ်ဟ်စဟူ ဝါဂျစ်ဗ်ထိုက်ပေ၏ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၀)    
ကိုင်ဒါအထိုင်တွင် သရှဟ်ဟွဒ် မဖတ်ဘဲ အခြားတစ်စုံတစ်ရာ ပမာဆိုသော် စူရဟ်ဖာသီဟာကို လည်းကောင်း ဖတ်လိုက်သော် စဂ်ျ ဒဟ်စဟူ ဝါဂျစ်ဗ်ဖြစ်၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၁)
နဖိလ်နမာဇ်များနှင့် စွန္နသေ့ဂိုင်ရ်မုအပ်အက္ကဒဟ်နမာဇ်များတွင် နှစ်ရကအသ်အပြီး ကအ်ဒဟ်အထိုင်တွင် သရှဟ်ဟုဒ်
ဖတ်ပြီးရာမှ ဆက်ပြီး ဒရူဒ်ရှရီဖ်ကို ဖတ်လျှင် စဂ်ျဒဟ်စဟူ မထိုက်ပေ။ သို့သော်ငြားလည်း ထိုနမာဇ်များ၌ပင် သရှဟ်ဟွဒ်နှစ်ကြိမ် ဖတ်လိုက်သော် စဂ်ျဒဟ် စဟူ ထိုက်ပေ၏ ။ (အာလမ်ဂီရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၂)
နမာဇ်တစ်ကြိမ်၌ပင် စဂ်ျဒဟ်စဟူထိုက်သော ကိစ္စများကိုအကြိမ်ကြိမ် ကျူးလွန်ခဲ့၏ ။ဥပမာ စူရဟ်ဖာသိဟာ ဖတ်ရန်မေ့သွား၏။ သို့ မဟုတ် ၀ါဂျစ်ဗ် တစ်စုံတစ်ရာ လွတ်ကျန်ခဲ့၏ ။ ထိုအခါ မှားယွင်းချက်များအတွက် စဂ်ျဒဟ်စဟူတစ်ကြိမ် ပြုလုပ်လိုက်လျှင် လုံလောက်
သွား ပေ၏ ။မှားယွင်းချက်တိုင်းအတွက် စဂ်ျဒဟ်စဟူ တစ်ခုကျစီပြုရန် မလိုအပ်ပေ။ (ရှာမီ)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၃)
ဖရဇ် ၊ စ်သ်သိရ် စသည်များတွင် နှစ်ရကအသ်ဖတ်ပြီး ပထမအထိုင်တွင် မထိုင်မိဘဲ တတိယ ရကအသ်သို့ မတ်တတ်ရပ်လိုက်
၏ ။ ထိုအခါ ပြန်လှည့်၍ ထိုင်ရန်မလိုတော့ပေ ။ နောက်ဆုံး အထိုင်၌သာ စဂ်ျဒဟ်စဟူပြုလိုက်ရာ၏ ။ ထိုသို့ပြုလျှင် နမာဇ်ပိုင်သွားပေအံ့။
(ဒွရ်ရေမွခ်သာရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၄)
နမာဇ် ပြီးဆုံးသည့်တိုင် မိမိနမာဇ်သည် သုံးရကအသ် ဖြစ်ကြောင်း သို့မဟုတ် လေးရကအသ် ဖြစ်ကြောင်းတွင် သို့လော
သို့လော ဖြစ်နေပေ၏။ ထိုသို့ ထင်ယောင်ထင်မှား ဖြစ်ပေါ်မှုတွင် နမာဇ်၌ မည်သို့မျှ ဖြစ်ပေါ်မှု မရှိချေ။ သို့ဖြစ်ပေရာ အကယ်၍ မိမိနမာဇ်သည် သုံးရက အသ် ဖြစ်သည်ဟု ယတိပြတ် သတိရလာမှု ထို့နောက် ၄င်းသည် နမာဇ်အဆုံးသတ်၍ နမာဇ် ပျက်ပြားစေသော အမှုများကို မကျူးလွန်ခဲ့မူ သို့ ရှိရာ ချက်ချင်းရပ်၍ ကျန်တရကအသ်ကို ဖြည့်စွက် ဖတ်လိုက်ရ၏။ ထို့နောက် ကအ်ဒဟ်စသည်များကို
ပြုလုပ်၍ စဂ်ျဒဟ်စဟူ ပြုလုပ်ခါ စ လာမ်လှည့်ရပေသည်။ အကယ်၍ နမာဇ် ပျက်ပြားစေသော အမှုများ ကျူးလွန်ခဲ့လျှင် ထိုနမာဇ်ကို ထပ်မံ၍သာ ဖတ်ရပေမည်။(ဗဟဲရှ်သီးဇေ၀ရ်)
မတ်စ်အလဟ် ရှင်းလင်းချက်(၁၅)
ဖရပ်ဇ်နမာဇ် လေးရကအသ်ဖတ်၍ နောက်ဆုံးအထိုင်တွင် ထိုင်မည့်အစား အနည်းငယ် မတ်တတ်ရပ်မိသွား၏။ ထိုအခါ အမြန်ဆုံး ထိုင်၍ သရှဟွဒ် စသည်များကို ဖတ်၍ စလာမ်လှည့်ရာ၏ ။ စဂ်ျဒဟ်ပြုရန် မလိုပေ။
အကယ်၍ လေးရကအသ်ဖတ်ပြီး တည့်မတ်စွာ ရပ်လိုက်ပြီး နောက်တွင်မှ သတိရလာပါမူ သတိရခြင်းပင် ထိုင်လိုက်ရပေမည်။ ထို့ နောက် ကအ်ဒဟ်ဒိုအာများ ရွတ်ဖတ်ခါ စဂ်ါဒဟ်စဟူကိုပြု၍စလာမ်လှည့်ရပေမည်။ ထိုသို့ သတိမရဘဲ ပဉ္စမရကအသ်၏ ရုကုအ်ပြုပြီးမှ သတိ ရမူ ထိုအခါ၌လည်း သတိရလျှင် ရခြင်းပင် ထိုင်လိုက်၍ သရှဟ်ဟွဒ်များကို ဖတ်၍ စလာမ် လှည့်ရပေ၏ ။ထိုသို့ဖြင့် လေးရကအသ်
မှာ တရား ၀င် အထမြောက်သွား၍ ကျန်တစ်ရကအသ်မှာ အချီအနှီးသာ ဖြစ်သွားပေမည် ဖြစ်ပေသည်။ အဆိုပါ နမာဇ် အထမြောက်ခြင်း
သည် နောက် ဆုံး လေးရကအသ်အထိုင်မှ ပဉ္စရကအသ်တိုပ ထ, ရပ်၍ စဂ်ျဒဟ်စဟူ ပြုခြင်းဖြစ်ပေသည်။အကယ်၍ နောက်ဆုံးအထိုင်ကို
မထိုင်ဘဲ ပဉ္စမ မြောက်ပေသည်။ အကယ်၍ နောက်ဆုံးအထိုင်ကို မထိုင်ဘဲ ပဉ္စမမြောက်ရာကအသ်သို့ ရောက်သွားခဲ့လျှင် စဂ်ျဒဟ်စဟူ
ဖြင့် လေးရကအသ် လုံးမှာ နဖိလ်ဖြစ်သွား၍ ဖရပ်ဇ်ကို ထပ်မံ ၀တ်ပြုရပေအံ့ ။
မတ်စ်အလဟ် ရှင်းလင်းချက်(၁၆)
အကယ်၍ ဖရပ်ဇ်နမာဇ်တွင် နောက်ဆုံးအထိုင်တွင် မထိုင်ဘဲ ပဉ္စမရကအသ်သို့ မတ်တတ်ထရပ်လိုက်ပြီး ရုကုအ်စဂ်ျဒဟ်များ ပြု လိုက်မူ ထိုအခါ ရကအသ်ကို ဆက်တွဲ၍ ခြောက်ရကအသ်ကိုဖြည့်လိုက်ရာ၏ ။ ခြောက်ရကအသ်စလုံးမှာ နဖိလ် ဖြစ်သွား၏ ။ ဖရပ်ဇ်ကို ထပ် မံ ဝတ်ပြုရပေမည် ။
၎င်းအပြင် အကယ်၍ စတုတ္ထရကအသ်တွင် ကအ်ဒဟ်ထိုင်၍ အမှတ်မဲ့ ထ, ရပ်လိုက်၏ ။ ထို့အပြင် ပဉ္စမရကအသ်၏ စဂ်ျဒဟ်
များပြု ၍သတိရလာခဲ့သော် ဆဋ္ဌမရကအသ်ကို ဆက်တွဲလိုက်ရ၏ ။ ထို့နောက် စဂ်ျဒဟ်စဟူ ပြုရပေ၏ ။ ထိုအခါ လေးရကအသ်မှာ နဖိလ် ဖြစ်သွား ပေ၏ ။ အကယ်၍ နောက်ဆုံး ရကအသ်တွင် မထိုင်ဘဲ မတ်တတ်ရပ်ခဲ့မူ ခြောက်ရကအသ်စလုံးမှာ နဖိလ်များဖြစ်သွား
ပေအံ့ ။(ဗဟဲရှ်သီးဇေ၀ရ်)
မှတ်ချက်။     ။ဟဇရသ် မော်လာနာကာရီရှရီဖ်(ပါကစ္စတန်)၏သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အာဘူဘက္ကရ်မဟ်မူဒီ(မှော်ဘီ)
စာမျက်နှာ ၁၃၁ မှ ၁၈၄ ကို ကိုးကားတင်ပြခြင်းဖြစ်ပါသည်။

Inga kommentarer:

Skicka en kommentar